ပညတ်တရား/၏ အချုပ်အနှောင်/မှ လွတ်မြောက်ခြင်း
7
ပညတ်တရား/ကို သိသော ညီအစ်ကို/မောင်နှမတို့… ပညတ်တရား/သည် လူတစ်ဦး/အတွက် ထို/သူ အသက်ရှင်စဉ်/ကာလ/အတွင်း/သာ အကျုံးဝင်သည်/ကို မသိကြသလော။ 2 ဥပမာ အိမ်ထောင်သည်/အမျိုးသမီး/တစ်ဦး/သည် ပညတ်တရား/အရ ခင်ပွန်း/အသက်ရှင်/သရွေ့ ထို/ခင်ပွန်း/နှင့်သာ သက်ဆိုင်၏။a သို့သော် ခင်ပွန်း/ကွယ်လွန်/လျှင် လက်ထပ်ခြင်း/နှင့်ဆိုင်သော/ပညတ်တရား/သည် ထို/ဇနီးသည်/နှင့် မသက်ဆိုင်တော့ပေ။ 3 သို့ဖြစ်၍ ခင်ပွန်း/အသက်ရှင်/စဉ် အခြား/ယောက်ျား/တစ်ဦး/နှင့် ပေါင်းသင်း/နေထိုင်/ပါက သူ/သည် အိမ်ထောင်ရေး/ဖောက်ပြန်၏။ သို့သော် ခင်ပွန်း/ကွယ်လွန်သွား/ပါက သူ/သည် ထို/ပညတ်တရား/နှင့် ကင်းလွတ်/၍ အခြား/ယောက်ျား/တစ်ဦး/နှင့် ပေါင်းသင်း/နေထိုင်/လျှင်လည်း အိမ်ထောင်ရေး/ဖောက်ပြန်ရာ/မရောက်ချေ။
4 ထို့ကြောင့် ညီအစ်ကို/မောင်နှမတို့… သင်တို့/သည် ခရစ်တော်/နှင့်အတူ သေ/သဖြင့် ပညတ်တရား/အောက်၌ အသက်ရှင်ရသော/ဘဝ/ကိုလည်း အဆုံးသတ်ပြီ/ဖြစ်၏။ ယခု သင်တို့/သည် ဘုရားသခင်/အတွက် ကောင်းသော/အကျင့်/ကို ကျင့်/နိုင်ရန် သေခြင်း/မှ/ရှင်ပြန်ထမြောက်တော်မူသော အရှင်/နှင့် တပေါင်းတစည်းတည်း/ဖြစ်ကြ၏။ 5 လူ့/ဗီဇစိတ်/အတိုင်း ကျွန်ုပ်တို့ ကျင်လည်ခဲ့/စဉ်ကb ပညတ်တရား/၏ လှုံ့ဆော်မှု/အားဖြင့် ပေါ်ပေါက်လာသော အပြစ်/ပြုလိုစိတ်/သည် ကျွန်ုပ်တို့/အတွင်း/၌ သက်ဝင်လှုပ်ရှား/၍ သေခြင်း/သို့/ပို့ဆောင်သည့်/အကျင့်ဆိုး/ကို ဖြစ်စေကြ၏။ 6 သို့သော် ယခု/တွင်မူ ကျွန်ုပ်တို့/သည် ပညတ်တရား/၏/ချုပ်နှောင်ခြင်း/ခံရသော/ဘဝ/ကို အဆုံးသတ်ပြီ/ဖြစ်/သောကြောင့် ပညတ်တရား/၏/လက်အောက်/မှ လွတ်မြောက်ကြပြီ။ ထို့ကြောင့် ယခု/တွင် ကျွန်ုပ်တို့/သည် ကျမ်းစာ/၌ ရေးသားထားသော/ပညတ်တရား/ကို နာခံသည့်/နည်းဟောင်း/ဖြင့် မဟုတ်ဘဲ သန့်ရှင်းသော/ဝိညာဉ်တော်/လက်အောက်/၌ အသက်ရှင်သော/နည်းသစ်/ဖြင့် ဘုရားသခင်/ကို အစေခံကြ၏။
အပြစ်/ကို/ဖော်ပြသော ဘုရားသခင်/၏/ပညတ်တော်
7 သို့ဖြစ်လျှင် မည်သို့/ဆိုမည်နည်း။ ပညတ်တရား/သည် အပြစ်လော။ အပြစ်/မဟုတ်။ အမှန်/တွင်မူ ပညတ်တရား/မရှိ/လျှင် အပြစ်/ကို ကျွန်ုပ်/သိမည်/မဟုတ်။ ပညတ်တရား/က “မတပ်မက်နှင့်” ဟု မဆိုထား/လျှင် တပ်မက်ခြင်း/သည် အပြစ်/ဖြစ်ကြောင်း/ကို ကျွန်ုပ်/သိမည်/မဟုတ်။ 8 သို့သော် အပြစ်တရား/သည် ထို/ပညတ်တော်/ကို အခွင့်ကောင်း/ယူ/၍ ကျွန်ုပ်/၏ စိတ်အတွင်း/၌ တပ်မက်စိတ်/အမျိုးမျိုး/ကို ဖြစ်ပေါ်စေ၏။ ပညတ်တရား/မရှိ/လျှင် အပြစ်တရား/သည် သေ/လျက်/နေ၏။ 9 တစ်ချိန်က ကျွန်ုပ်/သည် ပညတ်တရား/ကို နားမလည်ဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်/ကို သိရှိလာသည်/နှင့် တစ်ပြိုင်နက် အပြစ်တရား/သည် အသက်/ဝင်လာ၏။ 10 ထိုအခါ ကျွန်ုပ်/သည် သေရ၏။ ထို့ကြောင့် အသက်ရှင်/စေရန် ရည်ရွယ်သော ထို/ပညတ်တော်/သည် သေစေသည်/ကိုလည်း ကျွန်ုပ်/တွေ့ရှိရ၏။ 11 အပြစ်တရား/သည် ပညတ်တော်/အားဖြင့် အခွင့်ကောင်း/ယူ/၍ ကျွန်ုပ်/ကို လှည့်ဖြား၏။ ထို/ပညတ်တော်/ကို အသုံးပြု/၍ ကျွန်ုပ်/ကို သေစေ၏။ 12 မည်သို့ပင်/ဖြစ်စေကာမူ ပညတ်တရား/သည် သန့်ရှင်း၏။ ပညတ်တရား/၌ ပါဝင်သော/ပညတ်တော်တို့/သည်လည်း သန့်ရှင်း၏။ မှန်ကန်/၍ ကောင်းမြတ်၏။
13 သို့ဖြစ်လျှင် ထို/ကောင်းမြတ်သော/အရာ/သည် ကျွန်ုပ်/ကို သေစေသလော။ မသေစေပါ။ ကျွန်ုပ်/ကို သေ/စေသော/အရာ/မှာ အပြစ်တရား/ပင် ဖြစ်၏။ အပြစ်တရား/သည် ၎င်း/၏ သဘောသဘာဝ/ကို ဖော်ပြ/ရန် ကောင်းမြတ်သော/အရာ/ကို အသုံးပြုခဲ့၏။ ထို့ကြောင့် အပြစ်တရား/သည် မည်မျှ/ဆိုးရွားသည်/ကို ပညတ်တော်/အားဖြင့် ကျွန်ုပ်တို့ သိနိုင်၏။
အပြစ်/၌/ရုန်းကန်ခြင်း
14 ပညတ်တရား/သည် ဝိညာဉ်ရေး/နှင့် ဆိုင်ကြောင်း ကျွန်ုပ်တို့/သိကြ၏။ ကျွန်ုပ်/မှာမူ လူ့/ဗီဇစိတ်/နှင့်/ဆိုင်သောသူ/ဖြစ်/ပြီး အပြစ်တရား/ထံ ရောင်းစားခြင်း/ခံရသူ ဖြစ်၏။ 15 ကျွန်ုပ်/သည် မိမိ/ကိုယ်တိုင်/ပြုသော အပြုအမူ/ကိုပင် နားမလည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်/သည် မိမိ/ပြုလိုသော/အပြုအမူ/ကို မပြုဘဲ မိမိ/မုန်းတီးသော အပြုအမူ/ကိုသာ ပြု/သောကြောင့် ဖြစ်၏။ 16 ထိုသို့ မိမိ/ပြုသော အပြုအမူ/သည် မှားယွင်း/ကြောင်း ကျွန်ုပ်/သိသည်/ဆို/လျှင် ပညတ်တရား/ကောင်းမြတ်သည်/ဟု ကျွန်ုပ်/သဘောတူခြင်း/ပင်/ဖြစ်၏။ 17 ထို့ကြောင့် ထို/အပြုအမူ/ကို ပြုနေသူ/မှာ ကျွန်ုပ်/မဟုတ်ဘဲ ကျွန်ုပ်/အထဲ/၌ ကိန်းအောင်းနေသော အပြစ်တရား/က ပြုနေခြင်း/ဖြစ်၏။
18 ကျွန်ုပ်/အထဲ/၌ တစ်နည်း/အားဖြင့် ကျွန်ုပ်/၏/လူ့/ဗီဇ/စိတ်/၌c ကောင်းသော/အရာ/တစ်စုံတစ်ခု/မျှ မကိန်းအောင်းသည်/ကို ကျွန်ုပ်/သိ၏။ မှန်သော/အပြုအမူ/ကို ပြုလိုသော/စိတ်/ရှိ/သော်လည်း ပြုနိုင်စွမ်း/မရှိ။ 19 ကောင်းသော/အပြုအမူ/ကို ပြုလို/သော်လည်း ကျွန်ုပ်/မပြုမိ။ မပြုလိုသည့် မကောင်းသော/အပြုအမူ/ကိုမူ ကျွန်ုပ်/ပြုမိ၏။ 20 ကျွန်ုပ်/မပြုလိုသည့် အပြုအမူ/ကို ပြုနေမိ/ပါက ထိုသို့/ပြုနေသူ/မှာ ကျွန်ုပ်/မဟုတ်ဘဲ ကျွန်ုပ်/အထဲ/၌ ကိန်းအောင်းနေသော အပြစ်တရား/က ပြုနေခြင်း ဖြစ်၏။
21 ထို့ကြောင့် ကောင်းသော/အပြုအမူ/ကို ပြုလိုသော ကျွန်ုပ်/၌ မကောင်းသော/အပြုအမူ ရှိနေသည်/ဟူသော သဘောတရား/ကို ကျွန်ုပ်/တွေ့ရ၏။ 22 ကျွန်ုပ်/၏/စိတ်နှလုံး/အတွင်း/၌ ကျွန်ုပ်/သည် ဘုရားသခင်/၏ ပညတ်တရား/ကို နှစ်သက်၏။ 23 သို့သော်လည်း ကျွန်ုပ်/၏/စိတ်/က နှစ်သက်သော/သဘောတရား/နှင့် ဆန့်ကျင်/တိုက်ခိုက်နေသည့် အခြား/သဘောတရား/တစ်ခု/သည် ကျွန်ုပ်/အတွင်း/၌ ရှိနေ၏။ ထို/သဘောတရား/က ကျွန်ုပ်/အတွင်း/၌ ကိန်းအောင်း/လျက် ရှိနေသေးသော အပြစ်တရား/၏/လက်အောက်/သို့ ကျရောက်စေသည်/ကို ကျွန်ုပ်/မြင်ရ၏။ 24 ဪ… စိတ်ပျက်ဖွယ်/ကောင်းလေစွ။ သေခြင်းတရား/ကြီးစိုးသော ဤ/ဘဝ/မှ ကျွန်ုပ်/ကို မည်သူ/ကယ်တင်မည်နည်း။ 25 ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော်/အားဖြင့် ကယ်တင်တော်မူသော/ဘုရားသခင်/၏ ကျေးဇူးတော်/ကြီးလှ၏။ ဤသို့ဖြင့် ကျွန်ုပ်/၏/စိတ်နှလုံး/အတွင်း/၌ ဘုရားသခင်/၏/ပညတ်တရား/ကို နာခံ/လို/သော်လည်း လူ့/ဗီဇစိတ်/အားဖြင့်/မူ အပြစ်တရား/ကို နာခံ/လျက် နေရ၏။